DEATH……

By: yusett

Aug 09 2008

Category: Uncategorized

1 Comment »

သေဆုံးခြင်း
စဉ်းစားကြည့်ပါ…
အခုနေသေတော့မယ်ဆိုရင်…
လူတွေဘာတွေတွေးကြလဲ.? ဘာတွေလုပ်ချင်ကြလဲ.? ဘာတွေဖြစ်ချင်ကြလဲ.?
သေချာတာတစ်ခုကတော့ ‘နောင်တ’ တွေပဲ..
‘ငါတို့ချစ်တဲ့သူတွေကို ချစ်တယ်လို့ မြတ်မြတ်နိုးနိုးနဲ့ ထပ်တလဲလဲပြောဖို့ ဘာလို့မေ့နေကြတာလဲ’
‘ငါတို့လုပ်စရာတွေအများကြီးကျန်သေးပါလား’
အများကြီးပါပဲ….
တကယ်ဆို လူတွေဆိုတာ သေမျိုးချည်းပါပဲ
ဒီနေ့လား နောက်နေ့လား သေဖို့အတွက်ထိုင်မျှော်နေတာနဲ့တူတယ်
အဲလို သေဖို့အတွက်ထိုင်စောင့်နေမယ်ဆိုရင် လူဘ၀ဟာအလကားပါပဲ…
“When Bad Things Happen to Good People” ဆိုတဲ့စာအုပ်ရေးတဲ့ ဂျူးဘုန်းတော်ကြီး Rabbi Harold Kushner က ‘သေခါနီးလူတွေပြောလေ့ရှိတာက ငါသူများအပေါ်ပိုပြီး နားလည်ခံစားတတ်ခဲ့ချင်လိုက်တာ၊ လူတွေကိုပိုပြီး မေတ္တာထားနိုင်ခဲ့ဖို့ကောင်းတာ၊ ပိုပြီးကူညီနိုင်ခဲ့ဖို့ကောင်းတာ’ ဆိုတာမျိုးတွေ ဖြစ်တယ်လို့ပြောပါတယ်။
ဒီတော့မသေခင်ဘာတွေလုပ်သင့်လဲ..ဘာတွေလုပ်ကြမလဲဆိုတာ နည်းနည်းလေး စဉ်းစားကြည့်ရင်း ဘ၀မှာတန်ဖိုးရှိစွာနေကြရအောင်လား..????

One Response to “DEATH……”

  1. what fonts u use ? i cannot see
    if u want to type myanmar font use Win innwa use then only i can see later


Leave a Reply