Result from the Game of Optimism & Pessimism
Pessimist
သူတို့တွေကအဆိုးမြင်ဝါဒကိုလက်ကိုင်ထားသူပါ။ ဘာအရာပဲလုပ်လုပ် စိတ်တိုင်းမကျတဲ့သူတွေပါ။ သူတို့နဲ့ပြောင်းပြန်က
Optimist
အကောင်းမြင်သဘောထား ပိုင်ဆိုင်သူတွေပေါ့။အရာရာကို အ ကောင်းလို့ပဲသဘောထားကြတယ်။ ‘ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ’ ဆိုတာ သူတို့ရဲ.လက်ဆွဲဆောင်ပုဒ်ပေါ့။ သူတို့ပြောတဲ့အကြောင်းအရာနှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက ‘Things are continually getting better and that good will ultimately triumph over evil.’ ဆိုလိုတာက အရာရာတိုင်းဟာ အမြဲတမ်း ကောင်းသထက်ကောင်းနေတယ် ပြီးတော့အဲဒီ့ကောင်းမှူတွေဟာ နောက်ဆုံးမှာ မကောင်းမှူတွေကိုအောင်နိုင်သွားတယ်။ နောက်တစ်မျိုးက Leibnitz ပြောတဲ့ ‘Ours is the best of all possible worlds.’ လောကအားလုံးမှာ လူ့လောကသည်သာ အကောင်းဆုံး ဆိုတာပါပဲ။
ဒီလူနှစ်မျိုးမှာ ဘယ်သူကောင်းတယ်ဘယ်သူဆိုးတယ်ဆိုတာမရှိပါဘူး။ အမှန်က အမြင်တစ်ခုတည်းအပေါ်မှာထားတဲ့ ခံစားချက်(Mood) မတူတဲ့အတွက် စဉ်စားပုံတွေးပုံ(Thought) ခြားနားသွားတာပါ။
လူတော်တော်များများ ထင်နေကြတာကအကောင်းမြင်ဝါဒသမား(O) တွေကသာ လူ့လောကကိုအကျိုးပြုကြတယ် အဆိုးမြင်သမား(P)တွေကသာ လောကကိုဖျက်ဆီးနေကြတယ် လို့ထင်နေတတ်ကြတယ်။ ဒီအဆိုဟာ မှန်တယ်လို့ ပြောလို့မရပါဘူး။ တကယ့်တကယ်တမ်းကြတော့ OရောPရောကမ္ဘာလောကကြီးကို အကျိုးပြုကြပါတယ်။ Oကလေယာဉ်ပျံ တီထွင်ပြီး Pကလေထီး တီထွင်တယ်။ တကယ်လို့ Pမရှိခဲ့ရင်….
နိဂုံး…Oနဲ့Pကိုကြည့်ခြင်းအားဖြင့် လူတွေကတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အကျိုးပြုကြတယ်။အရည်အချင်းအမျိုးမျိုးလိုအပ်တယ်။
တစ်ယောက်တည်းနဲ့ ဘယ်လိုနည်းနဲ့မှနေလို့မရဘူး။ အသုံးမကြတဲ့ လူဆိုတာလည်းမရှိပါဘူး။ လူတိုင်းမှာ မတူညီတဲ့အစွမ်းတွေ အများကြီးရှိကြပါတယ်။ ဒါကြောင့်မို့ ‘Individual is Unique’ လို့ပြောကြတာ။ တစ်ယောက်နဲ့တစ်ယောက် သူကဘာဖြစ်တယ်ငါကတော့ဒီလို ဆိုပြီး အပြစ်တင်အဆိုးမြင်နေမယ့်အစား တစ်ဦးနဲ့တစ်ဦး နားလည်မှုထားပြီး အကောင်းဆုံးဆိုတာတွေကို ဖန်တီးရယူကြရအောင်လား။
